Sunday, April 10, 2016

သစ္စာစကား - တင်မိုး

သစ္စာစကား - တင်မိုး
******************

ငါတို့နိုင်ငံ
မိုးသောက်ယံဖြစ်ပါစေ...

ညအမှောင်ပျောက်၍
လရောက်တောက်ပါစေ...

အမျက်အအီ အဆိပ်ပြေ၍
ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ...

လမ်းဖုန်ဖုန်ဖွင့်၍
ပန်းအစုံစုံပွင့်ပါစေ...

အကြောက်တရားကြောင့်
ချောက်ချောက်ချားချား
မှောက်မှောက်မှားမှားကင်းပ၍
အလင်းရပါစေ...

အမှောက်အဖျက်
အနှောင့်အယှက်ဟူ၍မရှိ
ပကတိငြိမ်းချမ်း၍
စိမ်းလန်းသောနိုင်ငံတော်ကြီးဖြစ်ပါစေ...

ဤစေတနာ မေတ္တာပွားသည့်
သစ္စာစကားကြောင့်
ကျောက်သားပမာ မြဲခိုင်သည့်
တို့နိုင်ငံကြီး ပေါ်ပေါက်ပါစေသတည်း ...။ ။

တင်မိုး


No comments:

Post a Comment