9.3.2017
ဆင်ဖြူရှင်တံတား အသုံးပြုခ နိုင်ငံတော်မှ တရားဝင်
=============================
ကားတစ်စီး ယာဉ်/တန် မည်ကဲ့သို့
======================
စည်းကမ်းချက်များဖြင့် ခွင့်ပြုကောက်ခံ ခိုင်းထားပါသလဲ
===============================
သို့/
နိုင်ငံတော်သမ္မတကြီးနှင့်
==============
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
================
ပြည်ထောင်စု ပို့/ဆက် ၀န်ကြီး
==================
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
===============================
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
==============================
ရိုသေလေးစားရပါသော နိုင်ငံတော်အကြီးအကဲများခင်ဗျာ
မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြား
ချင်းတွင်းမြစ် ဖြတ်ကူးထားသည့်
ဆင်ဖြူရှင်တံတား အသုံးပြုခ ကောက်ခံရာဂိတ်မှ
တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်
ပေးပါရန် တိုင်ကြားအပ်ပါသည်...
ဖြစ်စဉ်မှာ
=====
မိသားစုတစ်တွေဆုံတာနဲ ရေစကြိုကနေ ပရိမ်မ္မဘက်က
အမျိုးတွေစီကို မရောက်တာကြာပြီဖြစ်တဲ့အတွက်
ညီတစ်ဝမ်းခွဲ ကား(၁၀)ပေ လေးနဲ့သွားတာ
ရေစကြိုဘက်အခြမ်း ဆင်ဖြူရှင်တံတား အသုံးပြုခ
ကောက်ခံသည့်ဂိတ်ရှေ့ရောက်တော့ (၁၀၀၀)ကျပ်တဲ့
(နေ့လည် ၂ နာရီအချိန်ခန့်က)
ညီတစ်ဝမ်းခွဲက ဆင်ဖြူရှင်တံတား အသုံးပြုခ
ကောက်ခံသည့်ဂိတ်က တာဝန်ရှိသူကို နံနက်ကမှ
ကျွန်တော် ချောင်းဦးဘက်ကနေပြန်လာခဲ့တာ
(၆၀၀)ကျပ်ဘဲပေးခဲ့ရတဲ့အကြောင်းပြောပြပါတယ်...
အဲတာနဲ့ကျွန်တော်လဲဝင်ပြောတယ် တာဝန်ခံရှိလားလို့
မေးတော့ မရှိဘူးတဲ့ အဲတာဆိုရင် ညီလေးတို့ကို
နိုင်ငံတော်ကနေ ဆင်ဖြူရှင်တံတား အသုံးပြုခ
ကားတစ်စီးကို ယာဉ်/တန် တရားဝင် ဘယ်လိုသတ်မှတ်
ထားလဲမေးတော့(၁၀ဝ၀)ကျပ်တဲ့ အော်အေးပါ
ကျွန်တော်ကပြောပြီး အဲတာဆို ညီလေးတို့ကောက်ခံတဲ့
(၁၀၀၀)ကျပ်ပေးမယ်ကွာ ဒါပေမဲ့ တံတားအသုံးပြုခ
ကောက်ခံတဲ့ ပြေစာပေါ်က ကောက်ခံသူဆိုတဲ့
နေရာမှာ လက်မှတ်မပါလို့ ကောက်ခံသူနေရာလေးမှာ
လက်မှတ်လေးတော့ ထိုးပေးကွာပြောတော့
ဘာမှပြန်မပြောတော့ဘဲနဲ့ (၁၀၀၀)ပြန်ပေးပြီး
သွားလို့ရပြီဆိုပြီးပြောတယ် ကျွန်တော်တို့က
(၁၀၀၀)ဆိုလို့(၁၀၀၀)ပေးပါတယ် သူတို့ကမယူတာပါ
နောက်မှာလဲ ကားတွေက တန်းစီနေတာလေ...
တံတားအဆင်း မြောက်ဘက်လဲရောက်ရော
ဂိတ်ပိတ်ထားပါတယ် ကားမောင်းတဲ့ညီလေးက
(၁၀၀၀)ကျပ်တန်တစ်ရွက် ထုတ်ပေးဖို့ ပိုက်ဆံအိတ်
ထုတ်နေတုံးရှိသေးတယ် ကားကိုလက်နဲ့ သုံးလေးချက်
ရိုက်ပြီး ခင်ဗျတို့ကဘာလဲ တံတားဖြတ်ခပေး(၁၀၀၀)
ဆိုပြီး လေသံမာမာနဲ့ ဒေါနဲ့မောနဲ့ပြောပြီး
ကားကိုလက်နဲ့ တစ်ဗုံးဗုံးနဲ့ထုတယ် ကျွန်တော်လဲ
သက်သေရအောင်လို့ လက်ထဲရှိတဲ့ဖုန်းနဲ့
ဓါတ်ပုံ/video ရိုက်တော့ ခင်ဗျကဘာလဲ
ဓါတ်ပုံရိုက်စရာမလိုဘူး ဟေ့လူးခင်ဗျအဲ့တာဘာလုပ်တာလဲ ဓါတ်ပုံရိုက်စရာမလိုဘူးဆိုပြီး ဒေါနဲ့မောနဲ့ရန်တွေ့ပါတယ်
အခြားခရီးသွား အများပြည်သူများမှာလဲ အခက်တွေ့နေ
ကြောင်းပါခင်ဗျာ တံတားအသုံးပြုခများ
သတ်မှတ်နှုန်းထားများ ဗီနိုင်းမှာရေးထားတာထက်
ပိုမိုကောက်ခံနေကြောင်းတွေ့ရှိရပါသည် ။
Credit - ရေစကြို သတင်းမီဒီယာ
No comments:
Post a Comment