ပခန်းကြီး & ပခန်းငယ် ကျောင်းတော်ကြီးအ
ကြောင်းသိမှတ်စရာများ
>>> ပခန်းကြီး ကျောင်း <<<
ပခုက္ကူ ဒေသ ပခန်းကြီး နယ်မြေ သည် အလွန်ကျယ်ဝန်းပြီး ဆရာချစ်စံဝင်းကတောင် ဒုတိယပုဂံလို့တောင် တင်စားခေါ်ဝေါ် ရလောက်အောင် ရှေးဟောင်းအဆောက်အဦး စေတီပုထိုးများနဲ့ ပြည့်နှက်နေပါတယ်။ ပခန်း ပြတိုက် မှူးကြီး ဦးဌေးဝင်းမောင် ၏ မှတ်တမ်း အရ ရှေးဟောင်း အဆောက် အအုံ ပေါင်း ၃၅၈ ခု နှင့် နံရံ ဆေးရေး ပန်းချီ ရှိ စေတီ ပေါင်း ၈ဝ ကျော် ရှိသည် ဟု သိရ ပါသည်။ ပခန်းကြီး ကျောင်းတော်ကို မင်းမှုထမ်း၊ ကျီဝန်၊ သက်တော်ရှည် နှင့် မှန်ကင်းဝန် စသည့် သုံးမည်ရ တံခါး ဦးဘိုးတုတ်က ၎င်း၏ ဆရာ တော် ဦးဂုဏသီတင်းသုံးနေထိုင်ရန် ၁၈၆၈ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်။ ကျောင်းတော်ဆောက်လုပ်ရန်လိုအပ်သော ကျွန်း သစ်များကို မင်းတုန်းမင်း၏ ခွင့်ပြု ချက်ဖြင့် ဘုရင်ပိုင်အရာတော်သစ် ကွင်းများမှ အလိုရှိသလောက်ခုတ်ယူ ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပခန်းကြီးမြို့သို့ သယ်ယူဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်ကြီး အား နှစ်နှစ်ကြာတည်ဆောက်ကာ သစ်ဖိုး မပါ ဆောက်လုပ်ခနှင့် သယ်ယူခ ကုန်ကျငွေမှာ ပဋိလောမပဋိက္ကမ သင်္ချာနည်းအရ ''ကွမ်းသီးတစ်လုံး ဖိုး'' ဟု အမှတ်အသားပြုကာ ၅၄၇၆၂ ကျပ် ကုန်ကျခဲ့ကြောင်း သိရသည်။
''ကျောင်းတကာ ဦးဘိုးတုတ်ရဲ့ ငယ်ဘဝက ချို့တဲ့ရှာတော့ ဆရာ တော် ဦးဂုဏကျောင်းမှာ ဘုန်းကြီး ကျောင်းသားအဖြစ် နေထိုင်ခဲ့ရတယ်။ အဲဒီနောက် လှေပေါင်းထိုင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရာကနေ သူ့ရဲ့ကြိုးစားမှုကြောင့် လှေသူကြီး အဖြစ်ရောက်ရှိလာခဲ့တယ်။ ပုဂံမင်း နဲ့ လွှတ်တက် မင်းတုန်းမင်းတို့ ၁၂၁၄ ခုနှစ် စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ ဆရာတော်ကြီးရဲ့တပည့်ပီပီ အတွက် အချက်ကောင်းကောင်းနဲ့ နောင် အကျိုးရှိစေရန်မျှော်တွေးပြီး လွှတ် တက်မင်းတုန်းမင်းကို စစ်ရိက္ခာ အဖြစ်လှေရောကုန်ပါ ဆက်သအပ်နှံ လိုက်တယ်လေ။ ဒါကြောင့် မင်းတုန်း မင်း နန်းတက်လာတဲ့အခါမှာ ဒီကျေးဇူးကြောင့် ကျီဝန်ရာထူး ချီးမြှင့် ခြင်းခံခဲ့ရတာပါ'' ဟု ကျောင်းတော် ကြီးအား အနီး ကပ်စောင့်ရှောက် နေသူ အဘဦးထွန်းကြည်က ရှင်းလင်းပြောပြသည်။
ကျောင်းတော်ကြီးသည် ရတနာပုံ ခေတ်လက်ရာအတိုင်း ဘုရားခန်း၊ ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီး၊ ဘောဂဆောင်၊ စင်္ကြံ ပတ်လမ်းတို့ ဖွဲ့စည်းပါဝင်သည်။
ကျောင်းတော်ကြီးမှာ မြောက်မှ တောင် အနံ ၁၂ ပင်၊ အရှေ့ အနောက် အလျား ၂၄ ပင်ရှိသည်။ ကျွန်း တိုင်ပေါင်း ၂၅၄ တိုင်ဖြင့် ဆောက် လုပ်ထားသောကြောင့် ''တိုင် ပေါင်းတွက်ကျောက်မျက်ရွဲ'' ဟု တိုင် အရေအတွက်ကို မှတ်သားကြသည်။ တိုင်လုံးပတ်လည်မှာ ၆ ပေ ၄ လက်မ မှ ၇ ပေ ၂ လက်မ (၂ မီတာ) အထိ ရှိသည်။ တိုင်ထိပ်အဝမှာ လက်မ ၃ဝ (၇၆ စင်တီမီတာ)ခန့်ရှိသည်။ အမြင့် ဆုံးတိုင်သည် ပေ ၉ဝ ရှိသည်။ ကျောင်းတော်ကြီးသည် သစ်ထူး သုံးမျိုးပါရှိ သည်ဟု ပြော ဆိုကြသေး သည်။ ၎င်းတို့မှာ သစ်ခြောက်၊ သစ်ဘီလူး၊ သစ်ကျွဲ တို့ဖြစ်သည်။ ထုပ်နှင့်လျောက်များမှာ ထု ၈ လက်မ (၂ဝ စင်တီမီတာ ) ၊ ဗြက် ၂ ပေ (၆ဝ စင်တီမီတာ) ရှိသည်။ ဤ ကြီးမား သော ထုပ်တန်း၊ လျောက်တန်းများ ကို ကျွန်းတိုင်ကြီးများတွင် လျှိုဖောက် ကာတပ်ဆင်ထားကြသည်။
အတန်းမြင့်မားသောနေရာတွင် တင်၍ လျှိုဖောက်ရသောကြောင့် ခက်ခဲစွာ ပြုလုပ်ထားကြောင်း တွေ့ရ သည်။ တိုင်လုံးကြီးများ လုံးပတ်ကြီး မားခြင်းနှင့် ထုပ်လျောက် တို့မှာ ဗြက်ကြီးမားခြင်းကြောင့် လက် သမားဆရာတို့ လုပ်ကိုင်ရသည်မှာ အလွန်ခက်ခဲ လှသည်ကို မှန်းဆနိုင် သည်။ ထိုကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ရာတွင် ဆင်များကို အသုံးပြုခဲ့ပြီး ကျောင်းတော်ကြီးဆောက်စဉ် ဆုံးပါးသွားသော ဆင်ကြီးကို ကျောင်းဝင်းအတွင်း မြှုပ်နှံထားသည်ဟု ကျောင်းစောင့် ဘကြီးက ရှင်းပြပါတယ်။ ယခုအခါတွင် ပခန်းကြီး ကျောင်းတော်ကြီးကို ရှေးဟောင်း သုတေသန မှ ပြုပြင် ထိန်းသိမ်းထား သည်။
>>> ပခန်းငယ် ကျောင်းတော်ကြီး <<<<
.
ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာ တွင် နှစ် ဧက ကျယ်ဝန်း သော ပခန်းငယ် ကျောင်းတော် ကြီး တည်ရှိ ပါသည်။ ထို ပခန်းငယ် ကျောင်းတော်ကြီး သည် မြန်မာ နိုင်ငံ တွင် အကြီး ဆုံးသော ကုန်းဘောင် ခေတ်နှောင်း ဘုန်းတော်ကြီး ကျောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။
ပခန်းငယ် ကျောင်းတော် ကြီး ကို မင်းတုန်း မင်း လက်ထက် တွင် ပခန်းမြို့ အား အပိုင်စား ရရှိ သည့် မင်းတုန်း မင်းကြီး၏ ငယ် ဆရာ ဦးဝိသုဒ္ဓ တစ် ဖြစ်လဲ ဦးရန်ဝေး မှ ၁၈၆၄ ခုနှစ် တွင် သူ၏ ငယ် ဆရာတော် အား ရည်စူး ကာ ကျွန်းသား ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ကို ပခန်းငယ် ရွာ တွင် ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။ ဗိသုကာ ပညာရှင် မှာ ပခန်းငယ် ရွာမှ ဦးသာကြီး ဖြစ် သည်။ ကျောင်းကြီး ပြီးစီးရန် ခုနစ်နှစ် ကြာမြင့် သည်ဟု သိရပါတယ်။
.
ကျောင်းတော် ကြီး ၏ အမြင့် မှာ ၇ဝ ပေ (၂၁ မီတာ) ခန့် ရှိသည်။ ကျွန်း တိုင်ကြီး များသည် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) ခန့် အထိ မြင့်မား သည်။ တိုင်လုံး ပတ် မှာ ၆ ပေ ၄ လက်မ မှ ၆ ပေ ၈ လက်မ (၂ မီတာ) အထိ ရှိသည်။ ဤ ကျောင်းတော်ကြီး တွင် စာသင် သား ရဟန်း သံဃာ တော် အပါး ၆ဝ ခန့် သီတင်း သုံး ခဲ့သည်။ ကျောင်းဦး ပြာသာဒ်၊ အဆောင်မ နှင့် ဘောဂ ဆောင် ဟူ ၍ အဓိက အဆောင် ကြီး သုံးခု ရှိခဲ့ သည်။ ကျောင်းဦး ပြာသာဒ် တွင် ပလ္လင် တော် တစ်ခု ပါရှိ ခဲ့သည်။ ပြာသာဒ် ဘုံ မြှင့်တင် ထားသည် ဟု ဆို သည်။ နံရံများ ပေါ်တွင် သစ်သား ပန်းပု များ ရှိခဲ့ကြ သည်။ အဆောင် မကြီးမှာ သုံးဆင့် လည်ပေါ် မိုး ဖြစ်ခဲ့ သည်။ မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။ ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။ ခါးပန်း တွင် ဆွဲသည့် သံမှို မယ်န ကြီးများ မှာ ၆ လက်မ (၁၅ စင်တီမီတာ) ခန့် အဝန်း ရှိသည်။
.
ယနေ့ ခေတ် ကာလ ၌ ရာသီဥတု ဒဏ်၊ လူတို့ ဒဏ်ကြောင့် ပျက်စီး ယိုယွင်း နေပြီး ကျောင်းကြီး ၏ အရှေ့ဘက် တွင် တစ်ခု၊ အနောက် ဘက် တွင် တစ်ခု၊ မြောက်ဘက် တွင် သုံးခု နှင့် တောင်ဘက် တွင် သုံးခု ဟူ၍ အုတ်လှေ ခါးကြီး ရှစ်စင်း သာ တွေ့မြင် နိုင်တော့ သည်။ တိုင်လုံးကြီး တချို့ လည်း ရှိနေ သေး သည်။ ကျောင်းတော် ကြီး သည် ချင်းတွင်း မြစ်ကမ်း နဖူး တွင် တည်ရှိ သောကြောင့် ရေလွှမ်း မိုးမှု ဒဏ် က အဓိက ပျက်စီး စေသော အကြောင်း အရင်း လည်း ဖြစ်သည်ဟု ဆိုကြပါတယ်။ အခုတော့ အခွံသာသာ သာကျန်ရှိနေတော့သည်။
(credit - မင်းထက်အောင်=မန်းကိုယ်ပွား)
credit by all photo
Credit- ရေစကြိုသတင်း မီဒီယာ
No comments:
Post a Comment