လမင်းက အရှင်
ကြယ်စင်က ကိုယ်ဆိုပါတော့
မြေကမ္ဘာပတ်ခြာဝိုက်လို့
လိုက်ပါ့မယ်နော။
နှင်းဆီက ကလျာ
ဆူးညှာက ကိုယ်ဆိုပါတော့
ရွှေလိပ်ပြာတောင်ပံကားကို
တားပါ့မယ်နော။
ဗေဒါက သခင်
ရေပြင်က ကိုယ်ဆိုပါတော့
သောင်မတင်လိုရာကြွရအောင်
ဆောင်ပါ့မယ်နော။
သို့ပေမင့်
ကြွေပွင့်က ချစ်နှမ
အပင်က ကိုယ်သာလျှင်
ဖြစ်ချင်ဘူး ကိုယ်တွေး
ကြွေပင့်ငယ် ချာချာဝဲ
လေထဲမှာ ပျံပျံကာ
သင်လွင့်ရာ ကိုယ်မကြွေနိုင်ဘု
အထီးကျန်မျက်ရည်စငယ်နဲ့
လွမ်းရမယ်လေး
ဆရာတင်မိုး
No comments:
Post a Comment