Tuesday, March 31, 2015

ရှင်မတောင်သနပ်ခါး

ရှင်မတောင်သနပ်ခါး

ရှေးမြန်မာမင်း အဆက်ဆက်မှ ယနေ့ကာလအထိ မြန်မာအမျိုးသမီးများ နှစ်ခြိုက်စွာ စွဲစွဲမြဲမြဲသုံးစွဲခဲ့ကြသော ရှင်မတောင်သနပ်ခါး၏ ထူးခြားသော အာနိသင်များမှာ-
(၁) သနပ်ခါး၏ SPF သည် ၂၀ မှ ၃၀ အထိရှိသောကြောင့် နေလောင်ဒဏ်ကို အပြည့်အ၀ကာကွယ်ပေးနိုင်ပါသည်။
(နေလောင်ဒဏ်ကြောင့်ဖြစ်သော တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းကွက်များမဖြစ်စေရန် ကာကွယ်ပေးပါသည်။) 

(၂) သနပ်ခါးသည် Oil Base မဟုတ်ခြင်းကြောင့် အဆီပြန်ခြင်းကို ကာကွယ်ပြီး မျက်နှာပေါ်ရှိ မလိုအားအပ်သော အဆီပိုများကို လျော့ချပေးနိုင်ပါသည်။
(အဆီပိုကြောင့်ဖြစ်သော အသားအရေ ညစ်နွမ်းခြင်း၊ ၀က်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။) 

(၃) သနပ်ခါးသည် Water Base ဖြစ်ခြင်းကြောင့် အသားအရေအတွက်
မရှိမဖြစ်လိုအပ်သော ရေဓာတ်ကို ကြာရှည်စွာ ထိမ်းထားပေးပါသည်။ 
(အသားအရေကို နူးညံ့ချောမွေ့ အေးမြစေပြီး အသားခြောက်ခြင်း၊ အသားပတ်ခြင်းကို ကာကွယ်ပေးပါသည်။)

(၄) သနပ်ခါး၏ နူးညံ့သော Fibre ဆဲလ်လေးများသည် ချွေးပေါက်ကို 
မပိတ်စေပါ။
(ချွေးပေါက်ပိတ်၍ မိတ်ဖု၊ ယားဖုဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။) 

(၅) သနပ်ခါးကို ရေရှည်သုံးစွဲပါက အိုမင်းရင့်ရော်ခြင်းကို နှေးကွေး
စေပြီး နုပျို​ချောမွတ်​​စေသည်​။

No comments:

Post a Comment