Thursday, November 7, 2013

*****တန်​​ဆောင်​မုန်းလပွဲ​တော်*****​ ***တန်​​ဆောင်​မုန်းလသည်​ လတကာတို့တွင်​ နှလုံး​မွေ့​လျော်​ဖွယ်​အ​ကောင်းဆုံးလ ဖြစ်​သည်​။ ​ကောင်းကင်​တွင်​ မိုးသားတိမ်​တိုက်​ကင်းစင်​ပြီး မြစ်​၊​ချောင်း၊အင်း၊အိုင်​ တို့တွင်​ ကြာမျိုးငါးပါး ပွင့်​ကြသည်​။ဗုဒ္ဓဘာသာမြန်​မာလူမျိုးတို့အဖို့ ကုသိုလ်​ဒါနပြုကြသည့်​ ထူးမြတ်​​သောလဖြစ်​သည်​။မြန်​မာ့ရိုးရာဘာသာ​ရေးနှင့်​ သက်​ဆိုင်​​သော ကထိန်​သင်္ကန်း ကပ်​လှူခြင်းနှင့်​ မသိုးသင်္ကန်းရက်​လုပ်​ခြင်းစသည့်​ ပွဲ​တော်​များကို ကျင်းပကြသည်​။ကထိန်​ ဟူ​သောစကားမှာ ``ကထိန´´ဟူ​သော ပါဠိစကားမှ ​ရွေ့လျားလာခြင်းဖြစ်​သည်​။လှူဒါန်းခြင်းသည်​ ​ကောင်းမြတ်​ပါ​ပေသည်​ဟု အဓိပ္ပာယ်​ရသည်​။ရှေ့​ခေတ်​က ကထိန်​ပွဲ​တော်​ကို ဘုရင်​ကဦးစီးကျင်းပခဲ့ကြသည်​။ ယခု​ခေတ်​တွင်​ ​ငွေ​ကြေးတတ်​နိုင်​သူများက တစ်​ဦးချင်း​သော်​လည်း​ကောင်း၊ အများပြည်​သူပူး​ပေါင်း၍​သော်​ လည်း​ကောင်း၊ကထိန်​ခင်းကြသည်​။ကထိန်​သင်္ကန်းကပ်​လှူခြင်းကို သီတင်းကျွတ်​လပြည့်​​ကျော်​ ၁ရက်​မှစ၍ တန်​​ဆောင်​မုန်းလပြည့်​​နေ့အထိသာ ပြုလုပ်​​လေ့ရှိပြီး မြတ်​စွာဘုရားရှင်​ လက်​ထက်​ကတည်းက စတင်​ခဲ့ပါသည်​။ ​ကောသလအ​နောက်​တိုင်းသားဘဒ္ဒဝဂ္ဂိရဟန်းသုံးကျပ်​တို့သည်​ ဘုရားရှင်​ကို ဖူး​မြော်​ရန်​အတွက်​ ဗာဝါမြို့မှ သာဝတ္တိပြည်​သို့ လာကြစဉ်​ သာ​ကေတမြို့အ​ရောက်​တွင်​ ဝါဝင်​​လေသည်​။ထို့​နောက် ဝါကျွတ်​ချိန်​တွင်​ မြတ်​စွာဘုရားထံသို့ ဆက်​လက်​သွားကြပြန်​ရာ လမ်းတွင်​ ရွာသွန်း​သောမိုး​ကြောင့်​ ရွံ့အလိမ်းလိမ်းကပ်​ပြီး ​ပေကျံကုန်​၏။ ဘုရားရှင်​ထံသို့ ​ရောက်​​သောအခါ ဝါကျွတ်​ပြီး​သော်​လည်း သင်္ကန်းကပ်​လှူခြင်းကို ခွင့်​ပြု​ပေး​တော်​မူခဲ့သည်​။ထိုအခါမှစ၍ ကထိန်​သင်္ကန်းကပ်​လှူခြင်း ​ပေါ်​ပေါက်​လာခဲ့သည်​။ ကထိန်​သင်္ကန်းကို တစ်​နှစ်​တွင်​ တစ်​လသာလှူဒါန်းခွင့်​ရှိသည်​။ တစ်​​ကျောင်းတွင်​ တစ်​ကြိမ်​သာ ခင်းခွင့်​ရှိသည်​။ သံဃာ့ ဂုဏ်​ရည်​ကို ရည်​စူးလှူဒါန်းရ​သော အလှူဖြစ်​သဖြင့်​ မွန်​မြတ်​လှသည်​။ ကထိန်​အကျိုး ၅ပါးမှာ- သွား​လေရာ အန္တရယ်​ မရှိခြင်း၊ ရန်​သူမျိုးငါးပါး​ကြောင့်​ ဥစ္စာပစ္စည်း မပျက်​စီးခြင်း၊ စား​ကောင်း​သောက်​ဖွယ်​စားသုံးရခြင်း၊ ​မေ့​လျော့​နေ​သော ပစ္စည်းများ ဆုံးရှုံးမှု မရှိခြင်း၊ဥစ္စာပစ္စည်း ရှာ​ဖွေရာတွင်​ လွယ်​ကူခြင်း တို့ဖြစ်​သည်​။ 

No comments:

Post a Comment