လွမ်းတော်မူ၍ စာကိုသီသည်
===================
ကာကွယ်ရေး အင်အားချိနဲ့တဲ့အခါ ကနောင်မင်းသားကို လွမ်းမိရဲ့။
စုစည်းမှုမရှိဘဲ ၀ါးအစည်းပြေတဲ့ နိုင်ငံတော်ကို မြင်ရတဲ့အခါ ဖခင်ဗိုလ်ချုပ်ကို လွမ်းမိရဲ့ ။
ကျပ်တည်းမှုတွေနဲ့ ဆင်းရဲဒုက္ခကြုံတဲ့အခါ အရင်က လူထုခေါင်းဆောင်၊ လူထုပါတီကို လွမ်းမိရဲ့ ။
အမျိုးဘာသာသာသနာကို သိပ်ချစ်ပြမှုတွေ မြင်ရတဲ့အခါ ၂၀၀၇ သံဃာတွေကို လွမ်းမိရဲ့ ။
တိတ်ဆိတ်မှုတွေကြား ညဉ်းတွားမှုတွေကို ကြားရတဲ့အခါ အမိုက်ခေတ်က စာနာ နားလည်သူတွေကို လွမ်းမိရဲ့ ။
အမှောင်ခေတ်က ညီညွတ်မှုတွေကို လွမ်းမိရဲ့။
အလင်းမရတဲ့ခေတ်က ရင်ခုန်သံ နီးစပ်မှုတွေကို လွမ်းမိရဲ့။
ဖိနှိပ်ခံခေတ်က တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုတွေကို လွမ်းမိရဲ့။
တွဲယှက်ထားတဲ့ ခိုင်မြဲတဲ့ လက်တွေကို လွမ်းမိရဲ့ ။
မခွဲမခြား တကွဲတပြားမဖြစ်ဘဲ ချစ်ခင်ခဲ့ကြတဲ့ ဘာသာပေါင်းစုံ ညီညွတ်ခြင်းတွေကို လွမ်းမိရဲ့။
လွမ်းမိရဲ့ လွမ်းမိရဲ့ လွမ်းမိရဲ့ ။
လွမ်းမိမှု များစွာမှာ ဟံသာဝတီဦးဝင်းတင်ပါလေရဲ့ ၊ လူထုစိန်ဝင်းလည်း ပါလေရဲ့ ၊
လွမ်းမှုတွေကြား လွမ်းဆွတ်မှုများစွာနဲ့ လွမ်းတော်မူ၍ စာကို သီတယ်။
တကယ်တော့ အလွမ်းဆိုတာ ပြန်မရနိုင်တာကို လွမ်းရတာမို့ နောက်ထပ် မလွမ်းချင်တော့တာ အမှန်ပါပဲ။
သာလွန်ဇောင်းထက်
5-5-2017
ဓာတ်ပုံ- EPA
#CREDIT