Thursday, March 9, 2017

ဆင်​ဖြူရှင်​တံတား ဖြတ်​သန်းခ သတ်​မှတ်​နှုန်းထားထက်​ ပိုမို​ကောက်​ခံ​နေ

9.3.2017

ဆင်​ဖြူရှင်​တံတား အသုံးပြုခ နိုင်​ငံ​တော်​မှ တရားဝင်
=============================
ကားတစ်​စီး ယာဉ်​/တန်​ မည်​ကဲ့သို့
======================
စည်းကမ်းချက်​များဖြင့်​ ခွင့်​ပြု​ကောက်​ခံ ခိုင်းထားပါသလဲ
===============================

သို့/

နိုင်​ငံ​တော်​သမ္မတကြီးနှင့်
==============
နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်
================
ပြည်​​ထောင်​စု ပို့/ဆက်​ ၀န်​ကြီး
==================
မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညို
===============================
စစ်​ကိုင်းတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်
==============================

ရို​သေ​လေးစားရပါ​သော နိုင်​ငံ​တော်​အကြီးအကဲများခင်​ဗျာ
မ​ကွေးတိုင်း​ဒေသကြီးနှင့်​ စစ်​ကိုင်းတိုင်း​ဒေသကြီး ကြား
ချင်းတွင်းမြစ်​ ဖြတ်​ကူးထားသည့်
ဆင်​ဖြူရှင်​တံတား အသုံးပြုခ ​ကောက်​ခံရာဂိတ်​မှ
တာဝန်​ရှိသူများအား ထိ​ရောက်​စွာ အ​ရေးယူ​ဆောင်​ရွက်
ပေးပါရန်​ တိုင်​ကြားအပ်​ပါသည်​...

ဖြစ်​စဉ်​မှာ
=====
မိသားစုတစ်​​တွေဆုံတာနဲ ​ရေစကြိုက​နေ ပရိမ်​မ္မဘက်​က
အမျိုး​တွေစီကို မ​ရောက်​တာကြာပြီဖြစ်​တဲ့အတွက်
ညီတစ်​၀မ်းခွဲ ကား(၁၀)​ပေ ​လေးနဲ့သွားတာ
ရေစကြိုဘက်​အခြမ်း ဆင်​ဖြူရှင်​တံတား အသုံးပြုခ
ကောက်​ခံသည့်​ဂိတ်​​ရှေ့​ရောက်​​တော့ (၁၀၀၀)ကျပ်​တဲ့
(​နေ့လည်​ ၂ နာရီအချိန်​ခန့်​က)
ညီတစ်​၀မ်းခွဲက ဆင်​ဖြူရှင်​တံတား အသုံးပြုခ
ကောက်​ခံသည့်​ဂိတ်​က တာဝန်​ရှိသူကို နံနက်​ကမှ
ကျွန်​​တော်​ ​ချောင်းဦးဘက်​က​နေပြန်​လာခဲ့တာ
(၆၀၀)ကျပ်​ဘဲ​ပေးခဲ့ရတဲ့အ​ကြောင်း​ပြောပြပါတယ်​...

အဲတာနဲ့ကျွန်​​တော်​လဲဝင်​​ပြောတယ်​ တာဝန်​ခံရှိလားလို့
မေး​တော့ မရှိဘူးတဲ့ အဲတာဆိုရင်​ ညီ​လေးတို့ကို
နိုင်​ငံ​တော်​က​နေ ဆင်​ဖြူရှင်​တံတား အသုံးပြုခ
ကားတစ်​စီးကို ယာဉ်​/တန်​ တရားဝင်​ ဘယ်​လိုသတ်​မှတ်
ထားလဲ​မေး​တော့(၁၀ဝ၀)ကျပ်​တဲ့ ​အော်​​အေးပါ
ကျွန်​​တော်​က​ပြောပြီး အဲတာဆို ညီ​လေးတို့​ကောက်​ခံတဲ့
(၁၀၀၀)ကျပ်​​ပေးမယ်​ကွာ ဒါ​ပေမဲ့ တံတားအသုံးပြုခ
ကောက်​ခံတဲ့ ​ပြေစာ​ပေါ်က ​ကောက်​ခံသူဆိုတဲ့
နေရာမှာ လက်​မှတ်​မပါလို့ ​ကောက်​ခံသူ​နေရာ​လေးမှာ
လက်​မှတ်​​လေး​တော့ ထိုး​ပေးကွာ​ပြော​တော့
ဘာမှပြန်​မ​ပြော​တော့ဘဲနဲ့ (၁၀၀၀)ပြန်​​ပေးပြီး
သွားလို့ရပြီဆိုပြီး​ပြောတယ်​ ကျွန်​​တော်​တို့က
(၁၀၀၀)ဆိုလို့(၁၀၀၀)​ပေးပါတယ်​ သူတို့ကမယူတာပါ
နောက်​မှာလဲ ကား​တွေက တန်းစီ​နေတာ​လေ...

တံတားအဆင်း ​မြောက်​ဘက်​လဲ​ရောက်​​ရော
ဂိတ်​ပိတ်​ထားပါတယ်​ ကား​မောင်းတဲ့ညီ​လေးက
(၁၀၀၀)ကျပ်​တန်​တစ်​ရွက်​ ထုတ်​​ပေးဖို့ ပိုက်​ဆံအိတ်
ထုတ်​​နေတုံးရှိ​သေးတယ်​ ကားကိုလက်​နဲ့ သုံး​လေးချက်
ရိုက်​ပြီး ခင်​ဗျတို့ကဘာလဲ တံတားဖြတ်​ခ​ပေး(၁၀၀၀)
ဆိုပြီး ​လေသံမာမာနဲ့ ​ဒေါနဲ့​မောနဲ့​ပြောပြီး
ကားကိုလက်​နဲ့ တစ်​ဗုံးဗုံးနဲ့ထုတယ်​ ကျွန်​​တော်​လဲ
သက်​​သေရ​အောင်​လို့ လက်​ထဲရှိတဲ့ဖုန်းနဲ့
ဓါတ်​ပုံ/video ရိုက်​​တော့ ခင်​ဗျကဘာလဲ
ဓါတ်​ပုံရိုက်​စရာမလိုဘူး ​ဟေ့လူးခင်​ဗျအဲ့တာဘာလုပ်​တာလဲ ဓါတ်​ပုံရိုက်​စရာမလိုဘူးဆိုပြီး ​ဒေါနဲ့​မောနဲ့ရန်​​တွေ့ပါတယ်

အခြားခရီးသွား အများပြည်​သူများမှာလဲ အခက်​​တွေ့​နေ
ကြောင်းပါခင်​ဗျာ တံတားအသုံးပြုခများ
သတ်​မှတ်​နှုန်းထားများ ဗီနိုင်းမှာ​ရေးထားတာထက်
ပိုမို​ကောက်​ခံ​နေ​ကြောင်း​တွေ့ရှိရပါသည်​ ။





Credit - ​ရေစကြို သတင်းမီဒီယာ

Wednesday, March 1, 2017

ရေစကြိုမြို့နယ်​ ​ရွှေကူနီနတ်​နန်းသို့ သွားရာလမ်း ပုခန်းငယ်​လမ်းအား ပုခန်း​ကိုကြီး​ကျော်​ ​ရွှေကူနီနတ်​နန်​သို့ နတ်​ဆက်​ လာ​ရောက်​ကြသည့်​ အမြို့မြို့အနယ်​နယ်​မှ လာ​ရောက်​ကြသည့်​ ကားများအား ကားတစ်​စီးကို ​လမ်းဖြတ်​သန်းခ ​၂၀၀၀ကျပ်​/ ကောက်​ခံ​နေ

1.3.2017

ပုခန်းငယ်​​ကျေးရွာလမ်း ကားတစ်​စီ(၂၀၀၀)ကျပ်​​ကောက်
===============================

သို့

ရေစကြိုမြို့နယ်​ ပြည်​သူ့ကိုယ်​စားလှယ်​များ...
ရေစကြိုမြို့နယ်​အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​ပါတီ...
ရေစကြိုမြို့နယ်​ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွင့်​ဖြိုး​ရေးပါတီ.....
ရေစကြိုမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန မြို့နယ်​ရုံး.....
ရေစကြိုမြို့နယ်​ စည်​ပင်​သာယာ​ရေးအဖွဲ့ မြို့​တော်​၀န်​.....
ရေစကြိုမြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ မြို့နယ်​ရုံး......
ရေစကြိုမြို့နယ်​ ဌာနဆိုင်​ရာများမှ တာဝန်​ရှိသူများ.....

သိရှိ​စေရန်​ ရို​သေ​လေးစားစွာဖြင့်​ တင်​ပြအပ်​ပါသည်​....

မ​ကွေးတိုင်း​ဒေသကြီး...ပခုက္ကူခရိုင်​ ​ရေစကြိုမြို့နယ်
ရွှေကူနီနတ်​နန်းသို့ သွားရာလမ်း ပုခန်းငယ်​လမ်းအား
ပုခန်း​ကိုကြီး​ကျော်​ ​ရွှေကူနီနတ်​နန်​သို့ နတ်​ဆက်
လာ​ရောက်​ကြသည့်​ အမြို့မြို့အနယ်​နယ်​မှ
လာ​ရောက်​ကြသည့်​ ကားများအား ကားတစ်​စီးကို
လမ်းဖြတ်​သန်းခ ​၂၀၀၀ကျပ်​/ ကောက်​ခံ​နေခြင်း
အ​ပေါ် ကားသမားများနှင့်​ ပုခန်းငယ်​​ကျေးရွာမှ
ရွာသားများရဲ့ ​ပြောကြားချက်​...

ပုခန်းငယ်​လမ်း ကားတစ်​စီး(၂၀၀၀)ကျပ်​​ကောက်​ခံတာ
တစ်​ရက်​ ​ကောက်​ခံရရှိ​ငွေ ဘယ်​​လောက်​ရပါသလဲ...?
နိုင်​ငံ​တော်​က တရားဝင်​​လေလံစနစ်​ဖြင့်​ ခွင့်​ပြုထားပါသလား ......
ရေစကြိုမြို့နယ်​ သို့မဟုတ်​ ​ကျေးရွာဖွင့်​ဖြိုး​ရေး အတွက်
သုံးပါသလား......
(ကားတစ်​စီ ၂၀၀၀ ကျပ်​ ​ကောက်​တာ ​ပြေစာမှာ ဘာ​ကြောင့်​ ​ကောက်​ခံသည့်​နှုန်းထား မ​ရေးရတာပါလဲ)

ဒီမိုက​ရေစီ​ခေတ်​ ပြည်​သူ့အစိုးရဖြစ်​​နေပါပြီ အများပြည်​သူ
သိရှိနိုင်​ရန်​ ပွင့်​လင်းမြင်​သာစွာဖြင့်​ ချပြပေး​စေလိုပါသည်​။