Tuesday, July 12, 2016

မကြာမီ ထုလုပ်​ပြီးစီး​တော့မည့်​ ​ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​ထားရှိမည့်​ ​နေရာအား သတ်​မှတ်​ထားသည့်​ ရုံး​ပေါင်းစုံဝင်း အစား မြို့အဝင်​ တြိဂံ​နေရာ၌သာ ထားရှိရန်​ ​ရေစကြိုမြို့ခံများ လိုလား

မကြာမီ ထုလုပ်​ပြီးစီး​တော့မည့်​ ​ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​ထားရှိမည့်​ ​နေရာအား သတ်​မှတ်​ထားသည့်​ ရုံး​ပေါင်းစုံဝင်း အစား မြို့အဝင်​ တြိဂံ​နေရာ၌သာ ထားရှိရန်​ ​ရေစကြိုမြို့ခံများ လိုလားလျက်​ရှိ​ကြောင်းသိရပါသည်​။
စစ်​ဝတ်​စုံဖြင့်​ ဓား​ထောက်​ရပ်​​နေသည့်​ ​သဏ္ဍန်ရှိ ဗိုလ်ချုပ်ကြေးရုပ်​သည်​ အမြင့်​​ပေ ၉​ပေခွဲ၊​ကြေးပိဿာချိန်​ ၂၀၀ ဝန်းကျင်​ (ကာလတန်​​ကြေး ကျပ်​သိန်း၁၀၀​ကျော်​) ဖြင့်​ ထု​လုပ်​ထား​ကြောင်း ​ကြေးသွန်းပညာရှင်​ ဦးသန်း​ဇော်​ နှင့်​ ပန်းချီပညာရှင်​ ဦးဇင်​မင်းထွန်းက ​ဆိုသည်​။

Saturday, July 2, 2016

ရေစကြိုမြို့နယ်​အတွင်း ဧရာဝတီမြစ်ကမ်းပါး ဆက်လက်ပြိုကျမှုကြောင့် စိုက်ပျိုးမြေ အများအပြား ဆုံးရှုံးနေ

ရေစကြိုမြို့နယ်​ အတွင်း ဧရာဝတီမြစ်ကမ်းပါး ဆက်လက်ပြိုကျမှုကြောင့်
စိုက်ပျိုးမြေ အများအပြား ဆုံးရှုံးနေ

ဗလဗကျေးရွာမှ ဒေသခံများ၏ စိုက်ပျိုးမြေများ ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီး နေမှုအား ဇွန် ၂၀ ရက်က မြင်တွေ့ရစဉ်

ယခုနှစ် မြစ်ရေတက်ကာလ မေလလယ်ပိုင်းမှစ၍ ကမ်းပြိုမှု ကြုံတွေ့နေရသည့် ရေစကြိုမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းနံဘေး ကျေးရွာများမှာ ကမ်းပါးပြိုကျမှု ရပ်တန့်ခြင်း မရှိသည့်အတွက် ဒေသခံများ စိုက်ပျိုးမြေ အများအပြား ဆုံးရှုံးနေပြီး လုပ်စားမြေ အခက်အခဲများ ကြုံတွေ့နေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ရေစကြိုမြို့နယ်တွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလဗကျေးရွာ၊ ငမြာလေးကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာများမှ ဒေသခံများ၏ စိုက်ပျိုးမြေများ မြစ်ရေတိုက်စားမှုကြောင့် ဧက ရာနှင့်ချီ ပြိုကျပျက်စီး နေသည့်အတွက် ဒေသခံများမှာ လုပ်စားမြေ ရှားပါးသည့် အခက်အခဲများ ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သိရသည်။

"ခုရက်ပိုင်း ကမ်းပါးက ရေတိုက်စား တော့ ဆက်တိုက်ပြိုနေတယ်။ တားဆီးနိုင်တဲ့ အနေအထားလည်း မရှိတော့ ထိုင်ကြည့်နေရုံပဲ။ မြေနုစိုက်ခင်းကတော့ အားလုံးကုန်ပြီ ပြောရတယ်။ မြေနုပိုင်တဲ့သူတွေ အတွက် တော့ နောက်နှစ် ဘာစိုက်စားရမယ် မသိဘူး" ဟု ကမ်းပြိုမှုကြောင့် မြေယာဆုံးရှုံးနေသည့် ဗလဗကျေးရွာမှ ကိုမောင်ကောက်က ပြောကြားသည်။

ရေစကြိုမြို့နယ်တွင်း ကျေးရွာများမှ မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသော ဒေသခံများ၏ စိုက်ပျိုးမြေများတွင် ရိတ်သိမ်းနိုင်ခြင်း မရှိသေးသည့် သီးနှံများရှိ နေသည့်အတွက် ဒေသခံများမှာ ဆုံးရှုံးမှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။

"မရိတ်ရသေးတဲ့ ပဲတီစိမ်းတွေ ကျန်ပေ မယ့်ကမ်းက ပြိုနေတော့ဘယ်သူမှ အရဲစွန့်ပြီး သွားမဆွတ်ရဲဘူး။ ကမ်းပြိုတာက အောက်ပိုင်း သဲလွှာကို လိုက်စားပြီး ပြိုတာဆိုတော့ ဘယ် လောက်ပြိုမယ်ဆိုတာ မှန်းမရဘူး။ အခင်းရှင် တွေကလည်း ကြောက်တော့ ရိတ်မနေတော့ဘဲ ဒီတိုင်းထားလိုက်တော့တာ။ ဒီနှစ် အနေနဲ့ အခက်အခဲ မရှိပေမယ့် နောက်နှစ်ကတော့ ဘာလုပ်စားရမယ်ကို မသိတော့ဘူး" ဟု ရေစကြိုမြို့နယ် ငါမြားလေး ကျေးရွာ ဒေသခံ တစ်ဦးက ပြောကြားသည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်း နံဘေးတွင် တည်ရှိသည့် ကျေးရွာများ၌ ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည့်အတွက် စိုက်ပျိုးမြေ အများအပြား ဆုံးရှုံးနေသည့်အပြင် လူနေအိမ် အချို့ပါ ရွှေ့ပြောင်းရန် ပြင်ဆင်နေရကြောင်း ဒေသခံများထံမှ သိရသည်။  

 

Writer: 
သက်ထိန်ဝင်း

(Credit: Eleven Media Group)